သာပေါင်းမြို့အဝင်နေရာ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့အဝင်နေရာ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ


သာပေါင်း၊ အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့အဝင်နေရာ၌ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက် ပိုစတာစိုက်ထူခဲ့ကြသည်။

သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့အဝင်နေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်မေသူဦးနှင့်ဌာနဆိုင်ရာတို့က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြပါစို့” (၈’×၄’)မြေစိုက် ပိုစတာ စိုက်ထူကြသည်။

သာပေါင်းမြို့နယ်တွင် ပထမအကြိမ်မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၀၉၇၁)ဦး၊ မဲရုံပေါင်း (၁၉၈)ရုံ ရှိပြီး မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် စက်တင်ဘာလ ( ၃၀ )ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာထားလျက်ရှိကြောင်း သိရသည်။


သိန်းမြင့်မျိုးဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)