သံတောင်ကြီးမြို့နယ်တွင် “ဝဥ”ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ်တွင် “ဝဥ”ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ



သံတောင်ကြီး ၊အောက်တိုဘာ ၁၅


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်ဝါးပင်များထူထပ်များပြား၍  ရာသီအလိုက် သီးနှံဖြစ်သော နှစ်တို/နှစ်ရှည်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တစ်ချို့မှာ ရာသီလိုက်သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော သီးနှံများကို ရှာဖွေလုပ်ကိုင်စားသောက်လျက်ရှိရာ ယခုအချိန်တွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော “၀ဉ” များမှာ  ဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။

ဒေသခံပြည်သူများက  သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော  “၀ဉ”များဈေးကောင်းရရှိသည့်အတွက် ယခုနောက်ပိုင်းတွင် မိမိတို့ဉယျာဉ်ခြံမြေများတွင်တစ်ပိုင်တစ်နိုင်စီးပွားအဖြစ် ပြန်လည်စိုက်ပျိုးသူများ ပိုမိုပြားလာကြသည်။ “၀ဉ”များကို တူးဖော်ပြီးအစိုအတိုင်းရောင်းချသူများရှိသည့်နည်းတူ တစ်ချို့မှာ  အခြောက်ခံပြီးမှ ပြန်လည်ရောင်းချကြသည်။

အဆိုပါ“၀ဉ”အစိုများကို သံတောင်ကြီးမြို့ရှိ အဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြသည်။ ယခုနှစ် “၀ဉ”အစို တစ်ပိဿာလျှင် ကျပ် (၁၃၀၀)မှ ကျပ်(၁၅၀၀)ထိရရှိပြီးဈေးကောင်းရရှိကြောင်း “၀ဉ”စိုက်ပျိုးလုပ်ကိုင်သူ ဦးစောအယ်တောထံက သိရသည်။


နော်နော်မူ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)