ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးက အများကြီး နီးစပ်နေပါတယ်လို့ အမေရိကန် ဒု-သမ္မတ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးက အများကြီး နီးစပ်နေပါတယ်လို့ အမေရိကန် ဒု-သမ္မတ ဆို


အောက်တိုဘာ - ၃၀ ( ကြာသပတေးနေ့ ) 

ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြားဝင်ဖြန်ဖြေရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိနေပါတယ်လို့ အမေရိကန် ဒုသမ္မတဂျေဒီဗန့်စ် က ပြောကြားခဲ့ပါတယ်။ 

မနေ့ကလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား - ယူကရိန်း ပဋိပက္ခပေါ်မှာ အာရုံစိုက်ထားနိုင်သရွေ့ ၊ လက်မလျှော့ သရွေ့ကတော့ အဆုံးသတ်ဖို့ခက်ခဲတဲ့ အဲ့ဒိစစ်ပွဲက အဖြေတစ်ခုကို ရှာတွေ့သွားမှာပါလို့ ပြောပါတယ်။ 

“လွန်ခဲ့တဲ့ ခြောက်လက ကျွန်တော့်ကို မေးခဲ့မယ်ဆိုရင် ‘သူတို့က ဘယ်တော့မှ တိုက်ပွဲတွေ ရပ်သွားမှာ မဟုတ်ဘူး။ ယူကရိန်းဆိုတာ ရုရှားရဲ့ ဗီယက်နမ်လိုပါပဲ၊ နောက် ၁၅ နှစ်လောက်ကြာရင်တောင် သူတို့က တိုက်ပွဲဆက်တိုက်နေဦးမှာပါ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်လလောက်က မေးခဲ့မယ်ဆိုရင်၊ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ မယုံနိုင်လောက်စရာ တိုးတက်မှုတွေ လုပ်နေပါတယ်” လို့ ဗန့်စ်ကပြောပါတယ်။ 

"ခန့်မှန်းရခက်ပေမယ့် နှစ်ဖက်စလုံးမှာ အကျိုးစီးပွာတွေဆုံးရှုံးနေပါတယ်။ ကျနော်တို့ကတော့ ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံး နဲ့  “အလွန်ကောင်းတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဆက်ဆံရေး” ကို ဆက်လက် ထိန်းသိမ်းထားပါတယ်။  ကျနော်တို့က ယူကရိန်းကို ခြွင်းချက်မရှိ ပံ့ပိုးကူညီမှုများ ပေးမည့်အစား “စစ်မှန်သော သံခင်းတမန်ခင်း” တွေ လုပ်ဖို့ပဲ ကြိုးစားနေပါတယ်။ “တစ်ခါတလေ ကျနော်တို့ မုန့်ပြရသလို ၊ တစ်ခါတလေ တုတ်ပြရတာတွေ လည်းရှိတာပေါ့ဗျာ” လို့ ဆိုပါတယ်။ 

အီးယူ အရာရှိအချို့ရဲ့ ကန့်ကွက်မှုများကြားမှ ထရမ့်က ရုရှားနှင့် တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး သြဂုတ်လက အလက်စကာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရှားရှားပါးပါး လူချင်းတွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ထိပ်သီးဆွေးနွေးပွဲသည် အောင်မြင်မှုများမရရှိခဲ့သော်လည်း နှစ်ဖက်စလုံးက အပြုသဘောဆောင်သောခြေလှမ်းအဖြစ် ချီးကျူးခဲ့ကြပါတယ်။ 

ယခုလအစောပိုင်းတွင် ထရမ့်က ဘူဒါပက်စ်မှာ  ပူတင်နှင့်တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပြီး အဓိကရုရှားရေနံကုမ္ပဏီများအပေါ်  ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင်၊ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီး၏ တာဝေးပစ် တိုမာဟောက်ခရုဇ်ဒုံးကျည်များ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ 


REF: RT

ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)