အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဥယျာဉ်(Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဥယျာဉ်(Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

Uploading: 2063012 of 2063012 bytes uploaded.



အင်းစိန် ၊   အောက်တိုဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက  Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင်  Book Club အဖွဲ့ နာယက ဦးရန်နောင်  (ရန်နောင်-ပညာရေး)၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် အင်းစိန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့် ငှက်ဖျား) တို့က အဖွင့်အမှာစကားပြောကြားကြပြီး  အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စာရေးဆရာ ဒေါက်တာဗိုလ်သံမဏိ တောင်တွင်းကြီးက အညာဓလေ့များနှင့် ခင်ခင်ထူးရေးသားသည့်ပါးကွက်ကျား ဝတ္ထုတိုများမှရသစာပေများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးပြီး စာရေးဆရာမ ပျိုပျိုနှင့် မောင်ပန်းဝေ ​(ညောင်တုန်း)တို့က ဆက်လက်ဆွေးနွေးခဲ့ကြသည်။


ထို့နောက်  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တက်ရောက်လာသော  စာရေးဆရာများက  ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ Book Club အဖွဲ့ နာယက ဦးသက်တင်(မောင်သာတင့် -မြန်အောင်)က ကျေးဇူးတင်အမှာစကားပြောကြားပြီးနောက်၊ ဦးဆောင်ဆွေးနွေးသူများကို အမှတ်တရ လက်ဆောင်များပေးအပ်၍   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)