အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနား ကျင်းပ



ရန်ကုန်၊ နိုဝင်ဘာ ၅

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ The 6th International Conference on Advanced Information Technologies  (ICAIT 2025) အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ MICT Park၊ ညီလာခံခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာနှင့်ပြည်တွင်းမှ နည်းပညာပညာရှင်များ၊ သုတေသီများ၊ မြန်မာ နိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာအသင်းများ၊ အင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ Polytechnic University များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ/ဆရာမများ၊ သုတေသနစာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ICAIT 2025 ညီလာခံသည် နည်းပညာအသစ်များ၊ အတွေးအခေါ်များနှင့် အသိပညာများကို မျှဝေဖလှယ်နိုင်သည့် အကောင်းဆုံးသော အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ကာ သုတေသနစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ICAIT 2025 ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်သည့်အတွက် စာတမ်းရှင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ သုတေသနပညာရှင်များတို့၏ စွမ်းစွမ်းတမံ အားထုတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းစသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အခမ်းအနားဖြစ်မြောက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက Sponsor/IT ကုမ္ပဏီများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ ညီလာခံကို Online နှင့် Onsite (Hybrid) စနစ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး Online မှ စာတမ်းဖတ်ကြားသူ (၁၆) ဦး၊ Onsite မှ စာတမ်းဖတ်ကြားသူ (၃၇)ဦး စုစုပေါင်း သုတေသနစာတမ်း (၅၃) စောင်ကို တင်သွင်းဖတ်ကြားခဲ့ပြီး ICAIT 2025 ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အခြားသော Sponsor/IT ကုမ္ပဏီများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)