နျူကလီယစွမ်းအင်တာဘိုသုံး ဒုံးကျည်တစ်စင်းကို ရုရှားက နိုင်ငံခြားစစ်ရေးကျွမ်းကျင်သူတွေအား ပစ်လွှတ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နျူကလီယစွမ်းအင်တာဘိုသုံး ဒုံးကျည်တစ်စင်းကို ရုရှားက နိုင်ငံခြားစစ်ရေးကျွမ်းကျင်သူတွေအား ပစ်လွှတ်ပြ


နိုဝင်ဘာ - ၅ ( ဗုဒ္ဓဟူးနေ့ ) 

နျူကလီးယားစွမ်းအင်သုံး တာဘိုဂျက်အင်ဂျင်ပါဝါ တပ်ဆင်ပေးထားတဲ့ ဘူရီဗက်စ်နစ်ခ် ခရုဇ်ဒုံးပျံရဲ့  စွမ်းရည်များကို နိုင်ငံခြားစစ်ရေး ကျွမ်းကျင်သူများအား လေ့လာကြည့်ရှုစစ်ဆေးပေးလိုက်တဲ့ အကြောင်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အဲ့ဒိဗျူဟာမြောက်လက်နက်သစ် တီထွင်မှုတွင် ပါဝင်သူများအား ဂုဏ်ပြုသည့် အခမ်းအနားအတွင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားစစ်တပ်ရဲ့အဆိုအရ လွန်ခဲ့သည့်လက ကီလိုမီတာ ၁၄၀၀၀ ကျော်ခရီးနှင်နိုင်ပြီး လေထဲမှာ ၁၅ နာရီကြာ ပျံသန်းနိုင်တဲ့ ဘူရီဗက်စ်နစ်ခ် ဒုံးကျည်ကို ပြီးခဲ့သည့်လက အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။ 

"အောက်တိုဘာ ၂၁ ရက်နေ့က ဘူရီဗက်စ်နစ်ခ် ဒုံးကျည်ကို စမ်းသပ်မှုလုပ်ခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ နေတိုး ကင်းထောက်သင်္ဘောတစ်စင်းက စမ်းသက်မှုလုပ်နေတဲ့ဒေသအတွင်း ရှိနေတာဖြစ်လို့ ကျနော်တို့ရဲ့ ဒုံးကိုသူတို့တွေ စိစစ်နေနိုင်ပါတယ်။ သူတို့တွေ ကျနော်တို့ရဲ့ဒုံးကိုစိစစ်နေချိန်မှာ ကျနော်တို့က သူတို့ကို အနှောက်အယှက်မပေးဘဲ ကြည့်ရှုခွင့်ပေးခဲ့ပါတယ်” လို့ မနေ့က ပြောခဲ့ပါတယ်။ 

ရုရှားခေါင်းဆောင်က မော်စကိုသည် “မည်သူ့ကိုမျှ ခြိမ်းခြောက်ခြင်းမဟုတ်” ကြောင်း နဲ့ စမ်းသပ်မှုတွေကို အံ့အားသင့်စရာမလိုကြောင်း ၊ အဲ့ဒါတွေက ရုရှားနိုင်ငံရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကြေညာတဲ့သဘောလောက်သာ ဖြစ်တယ် လို့ပြောသွားပါတယ်။ 

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှားသည် နျူကလီးယားစွမ်းအင်သုံး တော်ပီဒိုပုံစံ ဒရုန်း ပိုဆိုက်ဒန် ကိုလည်း စမ်းသပ်ခဲ့ပြီး ယင်းကဲ့သို့သော မောင်းသူမဲ့လေယာဉ်များကို သယ်ဆောင်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားသည့် နျူကလီးယား ရေငုပ်သင်္ဘောအသစ် ခါဗာရိုဗက်စ် ကိုလည်း ရေချခဲ့ပါတယ်။ 

အဲ့ဒိစမ်းသက်မှုတွေမှာ နျူကလီးယားဖောက်ခွဲမှုတွေ မပါဝင်ပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားနဲ့ တရုတ်တို့က စစ်ရေးဆိုင်ရာမဟာဗျူဟာပြိုင်ဆိုင်မှုတွေ လုပ်နေတယ်ဆိုပြီး ပင်တဂွန်အား နျူကလီးယား လက်နက် စမ်းသပ်မှု ပြန်လည်စတင်ရန် အမိန့်ပေးခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)