တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်မြို့လုံးကျွတ်ရိုးရာမီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်မြို့လုံးကျွတ်ရိုးရာမီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပ




တောင်ကြီး  ၊  နိုဝင်ဘာ  ၅


ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ ယနေ့နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့(ည)၌ မြို့လုံးကျွတ်ရိုးရာမီးပဒေသာအလှ လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ လှည့်လည်ပူဇော်ပွဲမကျင်းပမီ တောင်ကြီးမြို့ရှိ ရပ်ကွက်များ၊အနီးပတ်ဝန်းကျင် မြို့/ရွာများ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့်လူမှုရေးအသင်းအဖွဲ့များက ရိုးရာမီးပဒေသာပင်များနှင့်တကွ သတ်မှတ်စုရပ်နေရာဖြစ်သည့် ပြည်နယ်အားကစားကွင်း၌ စုပေါင်းရောက်ရှိခဲ့ကြပြီး၊ တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာ အလှများလှည့်လည်ပူဇော်ခြင်းကို စတင်ကျင်းပခဲ့ကြသည်။


ထိုသို့ လှည့်လည်ပူဇော်ရာတွင် မြန်မာ့ရိုးရာ ဆိုင်းဝိုင်း(ဗျော)အတီး၊ အဆို၊ အကအဖွဲ့၊ ဝင်းအဖွဲ့၊ မြန်မာ၊ရှမ်း၊ပအိုဝ်း အစရှိသည့် လှပျိုဖြူများ အကအဖွဲ့၊ရှမ်း/ပအိုဝ်း အိုးစည်ဗုံမောင်းအဖွဲ့များနှင့် ကိန္နရီကိန္နရာအကအဖွဲ့များနှင့် တောင်ကြီးမြို့နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများရိုးရာ အကအဖွဲ့တို့ ဦးဆောင်ကာ၊ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ မီးပွိုင့်လမ်းဆုံ လမ်းမကြီးအတိုင်းမှ စတင်စီတန်းလှည့်လည် ပူဇော်လာခဲ့ကြပြီးနောက် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ် ကုန်းတော်ပေါ်အထိ မီးပဒေသာအလှအပမျိုးစုံ၊ တိုင်းရင်းသားရိုးရာအက ပေါင်းစုံတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် စုပေါင်းလှည့်လည် ပူဇော်မှုပြုခဲ့ကြသည်။

မြန်မာ မက၊ ကမ္ဘာကပါ အံ့သြရသည့် ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးမြို့တန် ဆောင်တိုင်ပွဲတော်ကျင်းပရာတွင် ဤမြို့လုံးကျွတ် ရိုးရာမီးပဒေသာ စုပေါင်းလှည့်လည် ပူဇော်ခြင်းကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ထည့်သွင်းဆင်ယင်ကျင်းပမြဲဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)