အောင်လံ၊ နိုဝင်ဘာ ၅
အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဗဟိုတွဲဖက်အထွေထွေ အတွင်းရေးမှူးဦးတင်အောင်ချစ်၊ အောင်လံခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များသည် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့အခြေစိုက် မအူခုံကျေးရွာတွင် ယနေ့ နေ့လည် ၁နာရီတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ချစ် မှ ပြည်ခိုင်ဖြိုး ပါတီပေါ် ပေါက်လာပုံသမိုင်းကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံမှ တတ်သိပညာရှင်များဖြင့်ဖွဲ့စည်းထားသော ပါတီဖြစ်ကြောင်း၊ ပါတီ၏ ရည်မှန်းချက်နှင့်ယုံကြည်ချက်များ၊ ပါတီမှရွေးကောက်ပွဲအတွက် ပေးအပ်ခဲ့သောကတိကဝတ်များအား ရှင်းလင်းပြောကြားခဲ့ပြီး "ပြည်သူလူထု၏ မဲတစ်ပြားအား နှလုံးသားနှင့်မရွေးချယ်ပဲ ဦးနှောက်ဖြင့်စဉ်းစားဆုံးဖြတ်ပေးပါ"ဟု စည်းရုံးပြောကြားခဲ့ပါသည်။
အောင်လံခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းလွင် က အောင်လံမြို့နယ်အတွက် ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ မီးလင်းရေးကိစ္စများအား ရှင်းလင်း ပြောကြားခဲ့ကာ၊ မအူခုံကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားအား တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်စွမ်းရှိသော မိမိတို့ပါတီအား မဲပေးကြရန်နှင့် မဲပေးပုံနည်းစနစ်များကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာကြသူများနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment