ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်မှ စေတနာရှင် ပြည်သူများ၏ (စတုတ္ထ)အကြိမ်မြောက်ရပ်ကွက်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကို (၄,၁၁,၂၀၂၅)ရက်နေ့ အင်္ဂါနေ့ (၀၉း၃၀)အချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီးတွင် ကျင်းပခဲ့ကြသည်။
စုပေါင်းမဟာဘုံကထိန်အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းလွင် နှင့် မြို့နယ်စည်ပင်သာရေးကော်မတီမှ ဦးဖြိုးဝေမောင်(EO) တို့ တက်ရောက်၍ နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီး၏ ဒုတိယတိုက်အုပ်ဆရာတော် အရှင်ဇောတိဿရာလင်္ကာရ(ဝနယဓရ၊ ဝိနယဓရကောဝိဒ၊ ဒွိပိဋကဓရ၊ ဒွိပိဋကဓရကောဝိဒ၊ မူလအာဘိဓမ္မက ပိဋကနှစ်ပုံခွဲဆောင်) ဆရာတော် အား ဖူးမျှော်ကြည်ညိုဦးခိုက်၍ ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ဆောင်ရွက်ခဲ့သည်။
လှူဒါန်းမှုတွင် ပဒေသာပင်(၃၆)ပင်ဖြစ်ပြီး နဝကမ္မအလှူတော် (၁၈,၈၉၈,၆၀၀/-)ကျပ်၊ ပစ္စည်း ဒါနအလှူတော် (၁၂,၉၇၇,၅၀၀/-)ကျပ်၊ ဆွမ်းဒါနအလှူတော် (၂,၅၈၀,၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၄,၄၅၆,၁၀၀/-) သုံးရာလေးဆယ်လေးသိန်းငါးသောင်းခြောက်ထောင်တစ်ရာကျပ်တိတိဖြစ်ပြီး နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)မှ ဝမ်းမြောက်ဖွယ် ကထိနအနုမော်ဒနာတရားတော်အား ဟောကြားချီးမြှင့်တော်မူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး သံဃာတော် (၂၂၀)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ်အပေါင်းတို့အား ထမင်းဟင်း၊ ရေခဲမုန့် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
https://t.me/MyanmarNationalPost













No comments:
Post a Comment