နိုဝင်ဘာ - ၃
မော်လ်ဒိုက်သမ္မတနိုင်ငံမှာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ နောက်ပိုင်း မွေးဖွားသူတွေကို ဆေးလိပ်သောက်ခြင်း မှ တားမြစ်လိုက်ပါတယ်။ အဲ့ဒိအလေ့အကျင့်က နယူးဇီလန်ပြီးနောက် ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်တဲ့ ဒုတိယမြောက်နိုင်ငံဖြစ်လာပါတယ်။
မော်လ်ဒိုက် ကျန်းမာရေးဆိုင်ရာ စာရင်းဇယားတွေအရ တစ်နိုင်ငံလုံးမှာ ဖျားနာမှုတွေနဲ့သေဆုံးမှုတွေရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုမှာ ဆေးရွက်ကြီး သုံးစွဲမှုနှင့် တစ်ဆင့်ခံမီးခိုးငွေ့ ထိတွေ့မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် သမ္မတ မိုဟာမက်မူအီဇူက မနှစ်ကတည်းက ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့ပါတယ်။ စီးကရက်တွေအပေါ် သွင်းကုန်ခွန်နှင့် အခွန်နှစ်ဆတိုးစေပြီး ဗိတ်များနဲ့ အီး- စီးကရက် များကိုလည်း တားမြစ်ခဲ့ပါတယ်။
အဲ့ဒိတားမြစ်မှု အသစ်က ဂျန်ဇတ် (Generation Z) ကို ရည်ရွယ်သွားသလိုဖြစ်ခဲ့ပြီး မေလတုန်းက ဆေးရွက်ကြီး ထိန်းချုပ်ရေး အက်ဥပဒေကို ပြင်ဆင်ချက်အဖြစ် အတည်ပြုခဲ့ပြီး စနေနေ့တွင် အသက်ဝင်လာခဲ့တာပါ။ အဲ့ဒိတားမြစ်ချက်က ဇိမ်ခံခရီးသွားလုပ်ငန်းကြောင့် လူသိများသော ကျွန်းနိုင်ငံသို့ လာရောက် လည်ပတ်သူတွေနဲ့လည်း သက်ဆိုင်တယ်လို့ သိရပါတယ်။
၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမွေးဖွားသူတိုင်းကို မော်လ်ဒိုက်တွင် ဆေးရွက်ကြီးထွက်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် အသုံးပြုခြင်းမှ တားမြစ်ထားပါတယ်။ ကန့်သတ်ချက်မှာ ဆေးရွက်ကြီး အမျိုးအစားအားလုံး အကျုံးဝင်ပြီး လက်လီရောင်းချသူများက ဝယ်သူများရဲ့ အသက်ကို စိစစ်ပြီးမှ ရောင်းချရပါမယ်။
အသက် ၂၁ နှစ်အောက် မည်သူမဆို ဆေးလိပ် နဲ့ ဆက်စပ်သော အရောင်း သို့မဟုတ် စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့် မပြုပါဘူး။ ဘယ်လူငယ်မှ ဆေးရွက်ကြီးနဲ့ ထိတွေ့ခွင့်မပေးတော့ဘူးလို့ ဆိုပါတယ်။ ဥပဒေသစ်တွင် ဆေးလိပ်ကြော်ငြာခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ပုံစံအားလုံးကို တားမြစ်ထားပြီး အသက်အရွယ်အားလုံးအတွက် အီလက်ထရွန်းနစ်စီးကရက်နှင့် ဗိတ်များကို တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းအပါအဝင် စုစုပေါင်းတားမြစ်ချက်တစ်ရပ်ကိုလည်း ပြဋ္ဌာန်းလိုက်ပါတယ်။ မော်လ်ဒိုက်ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေသစ်သည် “အများပြည်သူကျန်းမာရေးကို ကာကွယ်ပေးပြီး ဆေးလိပ်ကင်းစင်သော မျိုးဆက်ကို မြှင့်တင်ပေးမယ်” လို့ ဟစ်ကြွေးထားပါတယ်။ နိုင်ငံအများအပြားသည် မကြာသေးမီနှစ်များအတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ရန် အစီအမံများကို မိတ်ဆက်ခဲ့ပြီး အများသူငါနေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းမှစပြီး ဆေးလိပ်အခွန်များ တိုးမြင့်ခြင်းနှင့် စျေးကွက်ချဲ့ထွင်ခြင်းနှင့် အသက်ကန့်သတ်ချက်များကို အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်နေပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment