ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး






ပဲခူး၊ နိုဝင်ဘာ ၃

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ၁-၁၁-၂၀၂၅ ရက်နေ့က ပြည်မြိုနယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မြကန်သာရပ်ကွက်အတွင်း နှစ်စဉ်ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရေးအတွက် အုတ်ရေမြောင်းပြုလုပ်ရန်၊ အုတ်ရေမြောင်းနှင့် တစ်ဆက်တည်း ကွန်ကရစ်လမ်းခင်းပေးရန်၊ လမ်းဧရိယာနှင့်မလွတ်ကင်းသည့်လမ်းမီးတိုင်များ နေရာပြောင်းရွှေ့ရန်နှင့် အနောက်နန်းကန်တော်အား ပြန်လည်အဆင့်မြှင့်တင်ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ထိုနောက် ပွင့်လှသိမ်ကုန်းရပ်ကွက်အတွင်းရှိ အများပြည်သူအဓိကအသုံးပြုနေရသည့် ပွင့်လှသိမ်ကုန်း မြေသားလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီမရွေးသွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန်၊ လမ်းပုခုံးသားများ အမာခံရရှိအောင် ဆောင်ရွက်ရန်၊ လမ်းဧရိယာအတွင်း ရေဝပ်မှု မရှိစေရေး ရေမြောင်းထည့်သွင်းဆောင်ရွက်ရန်နှင့် လမ်းမီးတိုင်များ မီးလင်းစေရေးကွင်းဆင်းစိစစ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုအတွင်းရှိ လက်သည်းရေကန်တောင်ကျောင်း(ခ) သုံးပန်လှကျောင်းဝန်းအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ရှေးဟောင်းနှစ်ထပ်အုတ်ကျောင်းဆောင် ပြန်လည်ပြုပြင်မွမ်းမံနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ရှေးဟောင်းနှစ်ထပ်အုတ်ကျောင်းဆောင်အား ရှေးမူလက်ရာမပျက် အပိုင်းလိုက် ပြန်လည်ပြင်ဆင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး နှစ်ထပ်အုတ်ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ရတနာမာန်အောင်ရပ်ကွက်၊ နှင်းဆီလမ်း အရှည်ပေ(၁၄၅၀)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး နှစ်အလိုက် ဦးစားပေးလမ်းများ စိစစ်တင်ပြရန်၊ ရပ်ကွက်အတွင်း လမ်းမီးကြိုးများ ပြန်လည်လဲလှယ်ပေးရန်၊ လမ်းဧရိယာများ သတ်မှတ်၍ ကျူးကျော်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)