အိန္ဒိယမှာ အခွန်ပြုပြင်ပြောင်းလဲမှုကြောင့် ပြည်တွင်းဝယ်လိုအားတွေ တိုးလာနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယမှာ အခွန်ပြုပြင်ပြောင်းလဲမှုကြောင့် ပြည်တွင်းဝယ်လိုအားတွေ တိုးလာနေ


နိုဝင်ဘာ - ၅ ( ဗုဒ္ဓဟူးနေ့ ) 

မကြာသေးမီက အိန္ဒိယနိုင်ငံက စားသုံးမှုအခွန်ဖြတ်တောက်မှုတွေ လုပ်လာလို့ နိုင်ငံရဲ့အကြီးဆုံးပွဲတော်ဖြစ်တဲ့ ဒေဝါလီပွဲမှာ အသုံးစရိတ်များ မြင့်တက်လာခဲ့တယ်လို့ လက်လီဈေးနှုန်း ထောက်လှမ်းရေးပလက်ဖောင်း ဘိုဇွန် အဖွဲ့ရဲ့ အချက်အလက်များကို ကိုးကားဘလွန်းဘာဂ် စီးပွားရေး သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ စားသုံးသူအသုံးစရိတ်သည် ယမန်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လက်လီရောင်းချမှု စုစုပေါင်းသည် ကန်ဒေါ်လာ ၆၇.၆ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ လက်ဝတ်ရတနာများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ အဝတ်အစားများ၊ အိမ်သုံးပရိဘောဂများနှင့် သကြားလုံးတွေက ဝယ်လိုအား အများဆုံး အမျိုးအစားများဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယတင်သွင်းကုန်တွေကို ၅၀% အခွန်စည်းကြပ်မှု လုပ်ထားရာ အဲ့ဒိအခြေအနေတွေကို တွန်းလှန်ဖို့  အိန္ဒိယအစိုးရက အခွန်ပြုပြင်ပြောင်းလဲမှုလုပ်လိုက်ရာ ၀ယ်လိုအား သိသိသာသာ တိုးလာရပါတယ်။ 

နယူးဒေလီ အစိုးရက ကုန်ပစ္စည်း အမျိုးအမည် ၄၀၀ ကျော်ကို ကုန်စည်နဲ့ ဝန်ဆောင်မှု အခွန်များ လျှော့ချ ပေးခဲ့ပါတယ်။ အဲ့ဒိဖြစ်စဉ်က ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ ပထမဆုံးအကြိမ်လုပ်ခဲ့တာပါ။ အခွန်လျှော့ချလိုက်တဲ့အတွက် အိမ်သုံးပစ္စည်းတော်တော်များများ ဈေးကျသွားပါတယ်။ အဲ့တော့ ပွဲတော်ကာလမှာ လူတွေက ပိုက်ဆံတော်တော်များများကို သုံးလိုက်နိုင်ပါတယ်။ 

အခွန်လျှော့ချလိုက်တာကြောင့် အဓိကအားဖြင့် ကားအရောင်းလုပ်ငန်းတွေ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ဆူဇူကီး ၊ တာတာ နဲ့ မာဟင်ဒရာတို့လို ကားထုတ်လုပ်သူတွေ အကျိုးအမြတ်ကောင်းခဲ့ပါတယ်။ တာတာ ဆိုရင်ဒေဝါလီပွဲတော်ကာလအတွင်းမှာ ကားအစီးရေ ၁သိန်းကျော်ရောင်းလိုက်ရပါတယ်။ အမ်အမ် ကုမ္ပဏီဆိုရင် ထရက်တာကားတွေ ရောင်းတာ ၂၇% ကျော်တက်သွားတယ်လို့ ပြောပါတယ်။ အိန္ဒိယ ဗဟိုဘဏ်ရဲ့အဆိုအရ စုစုပေါင်းတိုင်းပြည်ဝင်ငွေကလည် မနှစ်က ၆.၄ % တက်နေတာ ဒီနှစ်မှာ ၆.၈ % အထိ တက်လာတယ်လို့ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)