စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး-မော်လိုက်သွား ကားလမ်းမပေါ်ရှိသံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားကြမ်းခင်းအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး-မော်လိုက်သွား ကားလမ်းမပေါ်ရှိသံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားကြမ်းခင်းအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 




နေပြည်တော်၊ နိုဝင်ဘာ ၅ 

PDF ပူးပေါင်းအဖွဲ့များသည် ဒေသ အမည်ခံအကြမ်းဖက်သမားများနှင့် ကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများနှင့် မီးရှို့ဖျက်ဆီးခြင်းများစသည့် အဖျက်အမှောက်လုပ်ငန်း များကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မော်လိုက်မြို့ ကို ဆက်သွယ်ထားသည့် ကလေး-မော်လိုက် သွားကားလမ်းမပေါ်ရှိ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော အရှည် ၃၀၀ ပေ၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ် အမျိုးစား ပလူဇဝ တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက အောက်တိုဘာ ၃၀ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား၏ တောင်ဘက်ခြမ်းကြမ်းခင်း ၁၀ ပေခန့် မီးလောင်ပျက်စီးခဲ့ရာ အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားအများပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် PDF အမည်ခံအကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးသွားသော ပလူဇဝ တံတားကြမ်းခင်းအား အမြန်ဆုံးပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၃၁ ရက်တွင်ပြီးစီးခဲ့သဖြင့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်၌ အများပြည်သူများ၊ မော်တော်ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)