ကြံခင်း၊ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ဒီပင်္ကရာဘုရား တန်းဆောင်းအတွင်း ကိန်းဝပ်စံပယ်လျက်ရှိရာ ယနေ့ နံနက် ၅ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် ၃ ခုသို့ ဒီပင်္ကရာမြတ်စွာဘုရားနှင့် နောက်ပါရဟန်းသံဃာတော်များနှင့်အတူ အပူဇော်ခံ လှည့်လည်ကြွချီ လျက်ရှိသည်။
ထိုသို့ ဒီပင်္ကရာမြတ်စွာဘုရားနှင့် နောက်ပါရဟန်းသံဃာတော်များနှင့်အတူ နှစ်စဉ် အစဉ်အလာ မပျက် အပူဇော်ခံ လှည့်လည်ကြွချီရာလမ်းတစ်လျှောက်တွင် အလှူရှင်များက ပန်း၊ ဆီမီးနှင့် လှူဖွယ် ပစ္စည်းအစုစုတို့ကို သဒ္ဒါကြည်ဖြူစွာ လောင်းလှူခဲ့ကြသည်။ အဆိုပါ မြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာ မြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော် ကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ကြံခင်းမြို့ပေါ်ရပ်ကွက်များမှ ကျွဲဝိုင်းအဖွဲ့(၈)ဖွဲ့တို့က နေ့စဉ် ည ၈ နာရီမှစတင်ကာ ကျွဲအကအလှ၊ ပဒေသာကပွဲ၊ တေးသရုပ်ဖော် တို့ဖြင့် ဧည်ခံဖျော်ဖြေကပြကြရာ ဘုရားဖူးလာသူများနှင့် ကျွဲချစ်သူများက ကွင်းအပြည့်နေ့စဉ် အားပေးကြည့်ရှုလျက် ရှိကြောင်းသိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment