ပေါင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ




ပေါင်၊ နိုဝင်ဘာ ၄

ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊တန်‌ဆောင်မုန်းလပြည့်နေ့ ၊  နိုဝင်ဘာ(၄) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ တွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊အလှူဒါနပြုခြင်း၊ရပ်ကွက်တိုင်း၊ကျေးရွာတိုင်း၌စတုဒီသာများကျွေးမွေးလှူဒါန်းခြင်း၊ လူတစ်ဦးလျှင်ဆန်တစ်ပြည်ပေးဝေခြင်း၊ လှူဒါန်းသည့်ပစ္စည်းများမဲနှိုက်လှူဒါန်းပေးခြင်း၊ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့များက ဓမ္မစကြာ တရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်‌ ကာဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် ယနေ့ညနေပိုင်း၌ပေါင်မြို့နယ်ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်၊ဇင်းကျိုက်ရပ်ကွက်ရှိမဟာကန်တော်ကြီးတို့တွင်စတုဒီသာ‌ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)