နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစိုးရလက်ထက် ပဲခူးတိုင်းဒေသကြီးကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်က ဦးမျိုးဆွေဝင်း ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေကိုလည်း ဦးမျိုးဆွေဝင်း ကိုယ်တိုင် ကွင်းဆင်းပြီး လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ကို ကြပ်မက်ပေးခဲ့တယ်။
ဦးမျိုးဆွေဝင်း ရဲ့ နောက်ခံသမိုင်းကြောင်းကို အနည်းငယ် လေ့လာကြည့်မယ်ဆိုရင် တပ်မတော်အရာရှိ ဘဝမှ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို ကူးပြောင်းကာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ရဲတပ်ဖွဲ့မှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဒီလိုအတွေ့အကြုံတွေ ရှိခဲ့လို့လည်း ပဲခူးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တကယ်တော့ ပဲခူးတိုင်းဒေသကြီးဟာ နယ်မြေကျယ်ပြန့်သလို KNU, PDF အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လှုပ်ရှားမှု ရှိတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ပေမယ့် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းရဲ့ ကြပ်မက်ဆောင်ရွက်မှုနဲ့အတူ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကလည်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ပဲခူးတိုင်းဒသေကြီးအတွင်းမှာ အခြားသော နယ်မြေဒေသတွေလို အဆိုးဆုံးအခြေအနေအထိ မရောက်ခဲ့ပါဘူး။
မဲဆန္ဒရှင်ပြည်သူများက ပါတီအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို လေ့လာတဲ့အခါ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားတဲ့ ပါတီအဖွဲ့အစည်းလား၊ လူပုဂ္ဂိုလ်လား ဆိုတာကိုပဲ အဓိက လေ့လာရမှာ ဖြစ်ပါတယ်။
စာရေးသူအနေနဲ့ကတော့ လာမယ့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်ခိုင်ဖြိုးပါတီ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရစေဖို့ မျှော်လင့်ပါတယ်။ အရာအားလုံး ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်သည့်တိုင်အောင် ပြည်ခိုင်ဖြိုးပါတီ အာဏာရခဲ့တဲ့ ၂၀၁၀ အခင်းအကျင်းကို ပြန်ကြည့်ရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့တယ်။ ပြည်သူ့အသံကို အလေးထားတယ်။ အမျိုးသားရေး အန္တရာယ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြ ပြောဆိုမှုတွေကို မျက်ကွယ်မပြုခဲ့ဘူး။ ပြည်ပနိုင်ငံများရဲ့ ဖိအားပေးမှုတွေ၊ ပြည်တွင်းမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖန်တီးမှုတွေကို အမျိုးသားရေးအင်အားစုများနဲ့ လက်တွဲပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အလေးထား လုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၂၀ မှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ပြီး အာဏာသက်ဆိုးရှည်ဖို့ မသမာသောနည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တဲ့ အခိုက်အတန့်မှာတောင် ဥပဒေဘောင်အတွင်းကနေပဲ ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ လူထုကို အကြမ်းဖက်နည်းလမ်းနဲ့ တုန့်ပြန်ဖို့ လှုံ့ဆော်တာမျိုး မလုပ်ခဲ့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မဲလိမ်မဲခိုးမှုကြီးကို လက်မခံနိုင်တဲ့ ပါတီအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ တောင်းဆိုမှုကို အာဏာရပါတီဖြစ်တဲ့ NLD က မျက်ကွယ်ပြုပြီး တတိယအကြိမ်လွှတ်တော်ခေါ် အစိုးရဖွဲ့ဖို့ လုပ်ဆောင်လာချိန်ရောက်မှသာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး ပါတီအဖွဲ့အစည်းအသီးသီးက သင့်တော်မယ့် ပုဂ္ဂိုလ်များနဲ့ လက်တွဲပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ တိုင်းရင်းသားခေါင်းဆောင်များပါသလို ပါတီခေါင်းဆောင်များလည်း ပါဝင်ပါတယ်။ ဒီအထဲမှာ ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တွေလည်း အစိုးရအဖွဲ့ထဲမှာ ပါဝင်ခဲ့ကြတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြတယ်။
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့မှာ အကြမ်းဖက်လှုပ်ရှားမှုများ အားကောင်းခဲ့သည့်တိုင်အောင် ဖိဖိစီးစီး နှိမ်နင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အလားတူ မွန်၊ ကရင်၊ တနင်္သာရီတို့မှာ KNU ဦးဆောင်တဲ့ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ အားကောင်းလွန်းခဲ့ပါတယ်။ မွန်၊ တနင်္သာရီတို့မှာ အဖျက်အမှောင့်များကြားထဲက တည်ငြိမ်အေးချမ်းမှုရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲကြီးမှာ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနင်္သာရီ ဝန်ကြီးချုပ်များအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ပြည်သူများကသာ တာဝန်ပေးအပ်မယ်ဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် သဘောမျိုး မြင်တွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အနေဖြင့်လည်း ပြည်သူများကသာ တာဝန်ပေးအပ်မယ်ဆိုရင် ပဲခူးတိုင်းဒေသကြီးဖွံ့ဖြိုးရေးကို အရှိန်အဟုန်နဲ့ ဆက်လက်ဖော်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များသည် အဂတိကင်းရှင်းစွာနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှေုဆောင်ရွက်နေသူတွေဖြစ်လို့ စာရေးသူအနေနဲ့ကတော့ များစွာသော ကိုယ်စားလှယ်လောင်များထဲက မဲဆန္ဒရှင် ပြည်သူများ အလေးထား ရွေးချယ်သင့်တဲ့ ကိုယ်စားလှယ်လောင်းများအဖြစ်နဲ့ ယုံကြည်စွာ လက်တွဲကြဖို့ မဲဆန္ဒရှင်ပြည်သူများကို တိုက်တွန်းပါတယ်။ ရွေးချယ်ဖို့ မမှားတဲ့ ကိုယ်စားလှယ်လောင်းတွေပါ။
ပဲခူးတိုင်းဒသေကြီးထဲက မဲဆန္ဒရှင်ပြည်သူများကိုတော့ ပဲခူးတိုင်းဒေသကြီး သာယာဖွံ့ဖြိုး တိုးတက်စေဖို့ ဦးမျိုးဆွေဝင်း အပါအဝင် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းများကို ယုံကြည်စွာ မဲပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost




No comments:
Post a Comment