၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပေါက်ခေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း က နိုင်ငံအကျိုး၊ ဒေသအကျိုး၊ ပြည်သူ့အကျိုးကို ကိုယ်စွမ်းရှိသမျှ အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။
ဦးမျိုးဇော်သိမ်း က "မိဘပြည်သူများအား ခင်မင်လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။ ကျွန်တော် ဦးမျိုးဇော်သိမ်း၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်အရွေးခံသွားပါမည် ဖြစ်ပါသည်။ နိုင်ငံအကျိုး၊ ဒေသအကျိုး၊ ပြည်သူ့အကျိုးကို ကိုယ်စွမ်းရှိသမျှ အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။" ဟု ပြောဆိုထားသည်။
ဦးမျိုးဇော်သိမ်း အနေဖြင့် ပါတီ ဒုဥက္ကဋ္ဌ တာဝန်ကို စတင်တာဝန်ယူဆောင်ရွက်ချိန်မှစ၍ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းအတွင်းရှိ ပါတီဝင်များ၊ ဒေသခံများနှင့် လိုက်လံတွေ့ဆုံပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ ပါတီအောင်နိုင်ရေးကိစ္စများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဦးမျိုးဇော်သိမ်း အား မီဒီယာများက ပြည်ခိုင်ဖြိုးပါတီအား ဘာကြောင့်မဲပေးသင့်သလဲ ဟု မေးမြန်းရာ "အတိတ်ကာလလေးတစ်ခုကို ပြန်စဉ်းစားကြည့်ရင် ၂၀၁၀ - ၂၀၁၅ပေါ့ ကျွန်တော်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး သမ္မတကြီး ဦးသိန်းစိန် ကာလ ပြန်ပြောင်းပြီး စဉ်းစားကြည့်လိုက်လို့ရှိရင် နိုင်ငံရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသဖြင့် ဒီအရာတွေကို ပြန်တွေးကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးကို ဘာကြောင့်မဲပေးသင့်လဲ အဖြေတွေ့လာရမှာပေါ့" ဟု ရှင်းလင်းဖြေကြားထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment