မော်စကို ကို မြေပုံပေါ်က ဖယ်ရှားပစ်မယ်ဆိုတဲ့ စကားကို မပြောခဲ့ပါဘူးလို့ ဘယ်လ်ဂျီယံ ကာကွယ်ရေးဝန်ကြီးဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်စကို ကို မြေပုံပေါ်က ဖယ်ရှားပစ်မယ်ဆိုတဲ့ စကားကို မပြောခဲ့ပါဘူးလို့ ဘယ်လ်ဂျီယံ ကာကွယ်ရေးဝန်ကြီးဆို


နိုဝင်ဘာ - ၄ ( အင်္ဂါနေ့ ) 

ဘယ်လ်ဂျီယံ ကာကွယ်ရေးဝန်ကြီး သီယိုဖရန်ကန် က သူအနေနဲ့ မော်စကိုကို မြေပုံပေါ်ကနေ ဖယ်ရှားပစ်မယ် ဆိုပြီး အမှန်တကယ် ခြိမ်းခြောက်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ သူပြောလိုတဲ့ ဆိုလိုရင်းဖြစ်တဲ့ နေတိုးရဲ့ စုပေါင်း ကာကွယ်ရေး ယန္တရားများအကြောင်းနဲ့ပတ်သက်ပြီး မီဒီယာတွေက သူ့ရဲ့ ပြောဆိုချက်ကို ပုံဖော်ရေးသားခဲ့တာပါလို့ ဆိုလိုက်ပါတယ်။ 

HUMO မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဖရန်ကန်က ယူကရိန်းဆီ အမေရိကန်လုပ် တိုမာဟောက် ဒုံးကျည်တွေ ပေးပို့နိုင်လိုက်ပါက ရုရှားနဲ့ နေတိုးကြား စစ်ပွဲတစ်ခုလုံးကို ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ဖယ်ရှား ပေးလိမ့်မယ် လို့ ဆိုခဲ့ပါတယ်။ နေတိုးကို ရုရှားတိုက်ခိုက်မယ်ဆိုရင်တော့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက “မော်စကိုကို မြေပုံပေါ်ကနေ ဖယ်ရှားပစ်ရန်” လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ သူကပြောခဲ့ပါတယ်။ 

မနေ့က La Premiere သတင်းဌာနနဲ့  အင်တာဗျူးမှာတော့ သူက နေတိုးရဲ့ စုပေါင်းကာကွယ်ရေးကို ရည်ညွှန်းပြီး ရုရှား-နေတိုးစစ်ပွဲ အလုံးစုံဖြစ်နိုင်ချေကို ရည်ညွှန်းခြင်းမျှသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခုလို အရှုပ်တော်ပုံတွေဖြစ်အောင်ရေးသားခဲ့တဲ့ ဒီမော်ဂန် သတင်းဌာနကို အပြစ်တင်ခဲ့ပါတယ်။ 

ဒီမော်ဂန်သတင်းဌာန က ကျနော်ပြောခဲ့တာတွေကို အဓိပ္ပာယ် လွဲမှားပြီး တရားမမျှတတဲ့ နည်းလမ်းနဲ့ သရုပ်ဖော်ခဲ့ပါတယ်။ အင်တာဗျူးမှာ သတင်းထောက်တစ်ယောက်က ကျနော်ကိုမေးလာတယ်။ ပူတင်က နေတိုး ကို နျူကလီယနဲ့ တိုက်ခိုက်နိုင်သလားလို့ မေးလာပါတယ်။ ကျနော်က ပူတင်တိုက်မတိုက်တော့ မသိဘူး အဲ့လိုတိုက်လာရင် နေတိုးက မော်စကိုကို နျူ့တွေပြန်ပို့ပေးလိုက်မယ်” ဆိုပြီး ဖြေခဲ့တာပါ။ 

အခုတော့ ဒီမော်ဂန်ရဲ့ ရေးသားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှုပ်တော်ပုံကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်အောင်ကို ဖြစ်သွားပါပြီ။ သူ့ရဲ့မှတ်ချက်ကြောင့် ရုရှားမှာ ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်စေပြီး ကာကွယ်ရေးဝန်ကြီးအား “တာဝန်မဲ့တဲ့ ရန်စမှု”ဆိုပြီး ကြေညာချက်တွေထွက်လာကာ သူကို ဝိုင်းပြီး ရှုတ်ချခဲ့ပါတယ်။ 

ရုရှားသမ္မတဟောင်းနှင့် လုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က ဖရန့်ကင်ကို “ယုတ်မာတဲ့သူ” လို့ခေါ်ဆိုခဲ့ပြီး  ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဖရန်ကန်ကို  အနောက်ဥရောပတွင် ပျံ့နှံ့နေတဲ့ "စစ်ဖြစ်ချင်တဲ့ စိတ်ရောဂါအငွေ့အသက်" ကို ပြနေတာပါလို့ ပြောပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)