မော်လမြိုင်၊ နိုဝင်ဘာ ၄
ပြည်ဖျက်မီဒီယာ DVB က မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်ပြီ ဟုဖန်တီးရေးသားဖြန့်ဝေနေခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း၊ စက်သုံးဆီပြတ်လပ်ခြင်း မရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက "ခရီးသွားရာသီဖြစ်နေတော့ မွန်ပြည်နယ်ကို လာမယ့်ခရီးသွားတွေကို စက်သုံးဆီအဆင်မပြေဘူး တွေးပြီး မလာအောင်လုပ်တဲ့သဘောပါပဲ။ ခရီးသွားရာသီမှာ ဆီဆိုင်တွေမှာ ဆီထည့်ဖို့ တန်းစီနေကြတာကို တစိတ်ကို တအိတ်လုပ် ပုံကြီးချဲ့နေကြခြင်းဖြစ်ပါတယ်။ ဒီကိစ္စတွေကို သတင်းဖြန့်တာမှာ ဒေသခံနီပိတ်အချို့နှင့် စီးပွားရေးသမားတွေ နောက်ကွယ်က ရှိနေတယ်။ အင်မတန် ယုတ်မာပါတယ်။ ဒီလိုနည်းနဲ့ပဲ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင်၊ အခက်အခဲ အကြပ်အတည်းဖြစ်အောင် လုပ်နေကြတာပါ။" ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမှာ ၂၅၀၀ ဝန်းကျင်တွင် တည်ငြိမ်လျက်ရှိပြီး ပုံမှန် ဖြန့်ဖြူးပေးလျက်ရှိသည်။
DVB သတင်းဌာနသည် NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လှုံ့ဆော်သတင်းများနှင့် လုပ်ကြံသတင်းများကို စဉ်ဆက်မပြတ် ရေးသားဖြန့်ဝေနေသည့် ပြည်ပြေး မီဒီယာတစ်ခုဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment