နိုင်ဂျီးရီးယားက အမေရိကန်စစ်တပ်ရဲ့ တစ်ဖက်သတ်ဝင်ရောက်စွက်ဖက်မှုကို လက်မခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ဂျီးရီးယားက အမေရိကန်စစ်တပ်ရဲ့ တစ်ဖက်သတ်ဝင်ရောက်စွက်ဖက်မှုကို လက်မခံ





နိုဝင်ဘာ - ၄ ( အင်္ဂါနေ့ ) 

အစ္စလာမ္မစ်သောင်းကျန်းသူများကို တိုက်ခိုက်ရာတွင် အမေရိကန်စစ်တပ်ရဲ့ တစ်ဖက်သတ်ဝင်ရောက်စွက်ဖက်မှု ကို နိုင်ဂျီးရီးယားဘက်ကနေ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဘီဝါလာ က  နိုင်ဂျီးရီးယားနိုင်ငံအတွင်းမှာ  ဖြစ်နိုင်ချေရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ တပ်ဖြန့်ချထားမှုများ သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပင်တဂွန်အား နိုင်ဂျီးရီယားနိုင်ငံအတွင်းက အစ္စလာမ္မစ်သောင်းကျန်းသူတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ  ခရစ်ယာန်တွေအသတ်ခံရမှုက အရေအတွက် စံချိန်တင်ခဲ့တယ် ဆိုတဲ့ အချက်အလက်တွေကို ကိုးကားပြီး နိုင်ဂျီရီးယားကို 'အထူးစိုးရိမ်စရာနိုင်ငံ' အဖြစ် ထရမ့်က သတ်မှတ်ခဲ့ပါတယ်။ 

ထရမ့်က ၎င်းရဲ့ ထရုသ် ဆိုရှယ်မီဒီယာမှာ “ ကျနော်တို့ရဲ့ ချစ်ခင်ရပါတဲ့ ခရစ်ယာန်အသိုင်းအဝိုင်းကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် လူရမ်းကားတွေကို သူတို့ လုပ်ခဲ့သလိုမျိုး ပြန်လုပ်ပေးမှာပါ။ သူတို့တိုက်သလိုပဲ မြန်ဆန်မယ်၊ ကြမ်းတမ်းမယ်၊ ချိုမြိန်သွားမှာပါ” လို့ ရေးတင်ခဲ့ပါတယ်။ 

တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တစ်ခုမှာတော့ နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘီ ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဘူဂျာ အစိုးရထံမှ စေ့စပ်ညှိနှိုင်းမှုနှင့် သဘောတူညီချက်မပါဘဲ တစ်ဖက်သတ်လုပ်ဆောင်ခြင်းက  အမေရိကန်အတွက် သံတမန်နည်းအရ သင့်လျော်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ "နိုင်ဂျီးရီးယားသည် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒေသတွင်း ခရစ်ယာန်တွေရဲ့ မလုံခြုံမှုကို ဖြေရှင်းရာတွင် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုပေမဲ့ ဝင်ရောက်စွက်ဖက်တာကိုတော့ လက်မခံနိုင်ပါဘူး။ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို လေးစားပေးရမှာပါ"လို့ ဘီဝါလာ က ပြောကြားသွားပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)