ဗိုလ်တထောင်မြို့နယ်တွင် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲ ကျင်းပ



ရန်ကုန်  ၊ နိုဝင်ဘာ ၆


မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြန့်ဝေမှုနှင့် ပတ်သက်၍ မုဒိတာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက စာအုပ်ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းအား မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်များကို ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်အုပ်ရေ (၂၀၀၀) ကို တာဝန်ယူလှူဒါန်းပေးသော မြန်မာနိုင်ငံ ပုံနှိပ်သူနှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့ထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ (၂) ဦးခင်မောင်ကျော်ဒင်က အထွထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဦးအေးကြွယ်၊ ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ကြသည်။

အဆိုပါစာအုပ်တွင် အခန်းသုံးခန်းပါဝင်ပြီး မြန်မာသတင်းမီဒီယာများအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်၊ မြန်မာသတင်းမီဒီယာများအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတင်းရယူခွင့်လျှောက်ထားနိုင်ခြင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများနှင့် ဆက်သွယ်နိုင်သောအကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်အား နိုင်ငံတစ်ဝန်ရှိ သတင်းမီဒီယာများထံ ရောက်ရှိရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)