၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) SPI အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) SPI အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်လျက်ရှိ

 



မြဝတီ  ၊ နိုဝင်ဘာ ၆


ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်လာစေရန် အစပျိုးလှုပ်ရှားများအဖြစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားများမှ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုအသင်းအဖွဲ့ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်သင်တန်းကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ခရိုင်ပညာရေးမှူး ဦးစောဝါး လယ်ထူးဦးဆောင်ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး၊ ဦးမိုးကျော်နှင့် အခြေခံပညာ အထက်တန်းအလယ်တန်း၊ မူလတန်း(လွန်) ကျောင်းအုပ်ဆရာ၊ ဆရာမများ(၄၇)ဦး တက်ရောက်ခဲ့ကြသည်။


အဆိုပါ သင်တန်းကို (၅-၁၁-၂၀၂၅)ရက်နေ့မှ (၇-၁၁-၂၀၂၅)ရက်နေ့အထိ (၃)ရက်တာကာလ ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူးနှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က ကျောင်းနေဘဝကို ပိုမိုနှစ်သက်ပျော်ရွှင်ပြီး ကလေးများကျောင်းနေမြဲရန်နှင့် ကျောင်းပြင်ပရောက် ကလေးများ ကျောင်းသို့ ပြန်လည်ရောက်ရှိလာ စေရန်အချက်များ အားလည်းကောင်း၊ ၂၁ရာစု လူငယ် (ဆယ်ကျော်သက်)များအတွက် အရေးပါသည့် ကောင်းမွန်သောဘဝနေထိုင်မှုဆိုင်ရာ အသိပညာများ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံသားကောင်းများ၊ ကမ္ဘာ့နိုင်ငံ သားကောင်းများ ဖြစ်လာစေရန် အချက်များအားလည်ကောင်း အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်မှု စသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများဖွံ့ဖြိုးလာစေရန် အချက်များအားလည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်ကြသည့် ဆရာ၊ ဆရာမများက ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးခဲ့ကြသည်။


ထိုသို့ဆွေးနွေးခဲ့ကြသည့် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Stutend Participation initiative) SPI အကောင်အထည်ဖော်ရေးသင်ခန်းစာ ပို့ချချက်တွင် ပါဝင်သည့် အချက်များအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဆောင်းနှင်းဖြူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)