မြစ်သားမြို့နယ်၌ ဒေသတွင်းသီးနှံဝင်ငွေ တိုးပွားစေရန် ဆောင်းကြက်သွန်နီများ (၁၄,၂၃၁) ဧက လျာထားစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်၌ ဒေသတွင်းသီးနှံဝင်ငွေ တိုးပွားစေရန် ဆောင်းကြက်သွန်နီများ (၁၄,၂၃၁) ဧက လျာထားစိုက်ပျိုး




မြစ်သား  ၊နိုဝင်ဘာ ၇


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ယခုနှစ် အောက်တိုဘာလ ပထမပတ်မှစပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်းကြက်သွန်နီများစိုက်ပျိုးရန် (၁၄,၂၃၁) ဧကစိုက်လျာ ထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ကြက်သွန်နီအပါအဝင်စားဖိုဆောင် သီးနှံပင်စိုက်ပျိုးတောင်သူများကို ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ‌ တောင်သူများကို အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြက်သွန်နီစိုက်ပျိုးတောင်သူများ ပူးပေါင်း၍ အထွက်နှုန်းကောင်းသော မျိုးများစိုက်ပျိုးပြီးမြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲစိုက်ပျိုးကာ ဒေသတွင်း သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဆောင်းကြက်သွန်နီစိုက်ပျိုးဧက (၁၄,၂၃၁) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။


ဝါဝါမြင့် (မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)