ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံ့ငွေ ပေးအပ်



ကွန်ဟိန်း ၊  နိုဝင်ဘာ ၆


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် လူမှုရေးဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီမှစ၍ ကွန်ဟိန်းမြန်မာ့စီးပွားရေးဘဏ်၌ ကိုယ်ဝန်ဆောင်များနှင့် အသက် (၂) နှစ်အောက်ကလေးများ၊ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သူများအား ကိုယ်စားလှယ်ဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ငွေများထုတ်ပေးရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့်ဝန်ထမ်းများတို့မှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ဧပြီလမှအောက်တိုဘာလအထိ) ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၇၃) ဦး၊ အသက် (၂) နှစ်အောက် ကလေး (၂၅၇) ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၂၉၅၉၅၀၀၀) ကျပ်သိန်းနှစ်ရာကိုးဆယ့်ငါးသိန်းကိုးသောင်းငါးထောင်တိတိအား စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။


ကွန်ဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)