ပူတင် အိန္ဒိယကို မလာမီ ၂နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အရင်တွေ့ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတင် အိန္ဒိယကို မလာမီ ၂နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အရင်တွေ့ပြီ


နိုဝင်ဘာ - ၁၈ ( အင်္ဂါနေ့ ) 

အိန္ဒိယနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက ရုရှားနိုင်ငံရဲ့ထိပ်တန်း ဦးစားပေး နိုင်ငံခြားရေး ပေါ်လစီ ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ က အိန္ဒိယရဲ့ အဆင့်တူဝန်ကြီး အက်စ် ဂျေးရှန်ကာ ကို ပြောလိုက်ပါတယ်။ 

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီ နဲ့ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က နယူးဒေလီသို့ သွားရောက်ရန် စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်မီ မနေ့က မော်စကိုမြို့မှာ နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံခဲ့ပါတယ်။  

"ပြင်ပတရားမဝင်သြဇာ လွှမ်းမိုးမှုအောက်တွင်မရှိတဲ့ သယ်ယူပို့ဆောင်ရေး နဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် များကို တည်ဆောက်လျက်ရှိပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ အပြန်အလှန်ကုန်သွယ်မှုကို မြှင့်တင်ပြီး တတိယအဖွဲ့အစည်းများမှ တရားမ၀င်တဲ့ အကျိုးသက်ရောက်မှုများကြောင့် ကျနော်တို့ကို အဟန့်အတား မဖြစ်စေရန်အတွက် ယန္တရားများကို တည်ဆောက်နေပါတယ်” လို့ လက်ဗရော့ဗ်က ပြောသွားပါတယ်။

 မော်စကိုနှင့် နယူးဒေလီကြား ရှိပြီးသား မိတ်ဖက်ဆက်ဆံရေးမှာ နောက်ထပ်ပိုမိုပါဝင်နိုင်မယ့် နယ်ပယ်တွေကို ပေါင်းထည့်ပါမယ်။ နှစ်နိုင်ငံ သဘောတူညီချက်များ၊ ပဏာမခြေလှမ်းများနှင့် ပရောဂျက်အများအပြားကို နယ်ပယ်အသီးသီးတွင် ဆွေးနွေးနေပါတယ် လို့ ဂျေးရှန်ကာက တွေ့ဆုံပွဲမှာ ဆိုခဲ့ပါတယ်။ 

အိန္ဒိယ-ရုရှား ဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေးတွင် တည်ငြိမ်မှုရှိနေကြာင်း နဲ့ တိုးတက်မှုက ဆင့်ကဲဖြစ်စဉ်အတိုင်းသွားနေကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက်ပါ သက်ဆိုင်ကြောင်း ၂ ဖက်သံတမန် ၂ ဦး စလုံးက ဆိုသွားပါတယ်။ 

ပူတင်ရဲ့ အိန္ဒိယ ခရီးစဉ်သည် မော်စကိုနှင့် နယူးဒေလီကြား နီးကပ်သော ဆက်ဆံရေးသာမကဘဲ အနောက်နိုင်ငံတွေရဲ့ ဖိအားများကြောင့် အခုလို ဖြစ်လာရတာပါ။ ယူကရိန်းပဋိပက္ခကို အိန္ဒိယက ရေနံဝယ်ယူမှုမှတစ်ဆင့် ရန်ပုံငွေထောက်ပံ့မှုဖြင့် ရုရှားရေနံတင်သွင်းမှုအတွက် ဒဏ်ခတ်မှု ၂၅ ရာခိုင်နှုန်း စည်းကြပ်မှုအပါအဝင် အိန္ဒိယအပေါ် အမေရိကန်က ၅၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)