နိုဝင်ဘာ - ၁၈ ( အင်္ဂါနေ့ )
ယူကရိန်းသည် လာမယ့်ဆယ်စုနှစ်အတွင်း ပြင်သစ်လုပ် ရာဖေလီ တိုက်လေယာဉ် အစီးရေ ၁၀၀ အထိ ဝယ်ယူရန် စီစဉ်နေပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါအဝင် အခြားလက်နက်များ တပ်ဆင်သွားရန် စီစဉ်ထားကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ကြေညာခဲ့ပါတယ်။
ရုရှားကတော့ ဖြစ်နိုင်တဲ့ အဲ့ဒိ သဘောတူညီချက်ကို ရှုတ်ချခဲ့ပြီး ယူကရိန်းမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှု တွေ ထပ်ဖြစ်လာအောင် လှုံ့ဆော်နေတာနဲ့ အတူတူပဲ လို့ ပြောသွားပါတယ်။
မနေ့က ပါရီမြို့ကို အလည်ရောက်နေတဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး နဲ့ ပြင်သစ်သမ္မတ အမ္မာနျူရာယ် မာခရွန် တို့ ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ မာခရွန်က "ယူကရိန်းစစ်တပ်ကို ပြန်လည်ထူထောင်ရန်အတွက် လိုအပ်တယ်” လို့ ပြောကြားခဲ့ပြီး ဇီလန်စကီးကတော့ "မဟာဗျူဟာသဘောတူညီချက်" နဲ့ "သမိုင်းဝင်သဘောတူညီချက်" ဆိုပြီး ဟစ်ကြွေးခဲ့ပါတယ်။
လက်ရှိထိုးလိုက်တဲ့ စာချုပ်က အပြီးသတ်စာချုပ်မဟုတ်သေးပေမဲ့ ကနဦး ကတိကဝတ်တစ်ခုဖြစ်ပါတယ်။ ပြင်သစ်ဘက်က ဂျက်လေယာဉ်တွေ ပေးပို့ရမည့်အချိန်ဇယား မဖော်ပြသလို ယူကရိန်းဘက်က ငွေကြေးဆိုင်ရာယန္တရား နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မဖော်ပြပါဘူး။ ယူကရိန်းကတော့ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဂျက်လေယာဉ်များဝယ်ယူဖို့ ပိုက်ဆံ စိုက်ထုတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အီးယူမှာက ရုရှားပစ္စည်းတွေနဲ့ ငွေတွေကို သိမ်းထားတာ ယူရိုဘီလီယံ ၁၄၀ ကျော် ရှိနေပါတယ်။ အဲ့ဒိပိုက်ဆံတွေကို ဘယ်မှာ သုံးမလဲလို့ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးနေစဉ်မှာ အခုလိုဝယ်ယူရေး စာချုပ်သတင်းထွက်လာတာပါ။
ပြင်သစ်နိုင်ငံထုတ် အဆင့်မြင့်ဆုံး ဘက်စုံသုံး ဂျက်လေယာဉ် ရာဖေလီ က တစ်စီးလျှင် ကန်ဒေါ်လာ သန်း ၉၀ ကျော်ခန့် ရှိပါတယ်။ ဂျက်လေယာဉ် အစင်း ၁၀၀ ဝယ်ဖို့ပေးမယ်ဆိုရင်တောင် ယူရို ၁၅ ဘီလီယံလောက်ပဲကျမှာပါ။ နောက်ထပ် ပြင်သစ်ထုတ် မျိုးဆက်သစ် SAMP/T လေကြောင်းရန်ကာကွယ်ရေး ၈စုံ နဲ့ AASM Hammer ပစ်မှတ်ကို အတိအကျပစ်နိုင်တဲ့ ပဲ့ထိန်း ခဲယမ်းများ၊ ဒရုန်းတွေနဲ့ ပြင်သစ်လုပ် ရေဒါများ ကိုဝယ်ဖို့လည်း ပါပါသေးတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment