ကိုကိုးကျွန်း ၊ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ အမှတ်(၁)ရက်ကွက်နှင့် အမှတ်(၂)ရက်ကွက် ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်းရှိ/မရှိ အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများရှိပါက ပုံစံ(၁)ဖြင့်လည်းကောင်း၊ လိုအပ်သည့်ပုံစံများကိုလည်း ရက်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ပါကြောင်း သိရသည်။
ထွန်းထွန်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment