ဆိပ်ကြီးခနောင်တို ၊ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးလျက် ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း ရပ်ကွက်အလိုက် မဲရုံ ၂၂ ရုံ လျာထားသတ်မှတ်ထားရှိပြီး၊ ဒုတိယအကြိမ် မဲစာရင်းအရ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၂၆၆၈၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် (ယနေ့)မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲခွဲရုံးများတွင် နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကပ်ထားကြေညာထားမည်ဖြစ်ပြီး၊ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ
https://t.me/MyanmarNationalPost
No comments:
Post a Comment