အလုံ ၊ နို၀င်ဘာ ၂၁
အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ အထက(၇)ကျောင်း၊ သဇင်ခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်နည်းပြသင်တန်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ကျင်းပသည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုံမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌမှ သင်တန်းသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအား လိုအပ်သည်များ ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့ပြီး မြို့နယ်အဆင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်ဦးဆောင်သော သင်တန်းနည်းပြများမှ သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ ဆရာ/ဆရာမများ၊ အလုံမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်သူရိန်၊ အလုံမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ
https://t.me/MyanmarNationalPost
No comments:
Post a Comment