ကော့သောင်းမြို့တွင် အဋ္ဌမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် အဋ္ဌမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကျင်းပ



ကော့သောင်း ၊  နိုဝင်ဘာ ၂၁


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့‌သောင်းမြို့တွင် ထားဝယ်လူမျိုးစုစည်းမှုအသင်းမှကျင်းပသော နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် အဋ္ဌမကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ထားဝယ်သူ၊ ထားဝယ်သားများ၊ဘင်ခရာတပ်ဖွဲ့များစုပေါင်း၍ မြန်မာနိုင်ငံတော်အလံနှင့် ထားဝယ်အမျိုးသား‌အလံအား အလေးပြုခဲ့သည်။

ယင်းနောက် မြသီတဂူဆရာတော်က ဩဝါဒကထာမြွက်ကြားချီးမြှင့်ခဲ့သည်။‌ ယင်းနောက် စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ကိုလတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အဋ္ဌမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီဥက္ကဋ္ဌ ဦး‌အောင်လင်းက ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးအောင်မျိုးထံမှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြား၍  ကော့သောင်းခရိုင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီအတွင်းရေးမှူး ဦးသန်းကျော်က ထားဝယ် အမျိုးသားနေ့ကျင်းပရခြင်းအကြောင်းနှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် စောင်းအတီးပညာရှင်နှင့်တေးသံရှင်တို့မှ တေးသီချင်းဖြင့်တီဆိုဖျော်ဖြေ၍ အ.ထ.က‌(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ထားဝယ်ရှေးရိုးရာ ယန်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ အဋ္ဌမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊‌ ထားဝယ်လူမျိုးရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)