အလုံ ၊ နိုဝင်ဘာ ၂၁
အလုံခရိုင်၊ အလုံမြို့နယ်၌ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉:၀၀ နာရီက အလုံခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလုံမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမြလှိုင်က ရွေးကောက်ပွဲအခြေအနေကြိုတင်မဲပေးခြင်းနှင့် ဆောင်ရွက်ရမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အလုံမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအား ရပ်ကွက်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌလက်မှတ်နှင့် တံဆိပ်ပါ မဲလက်မှတ်များအား တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအား ထုတ်ပေးပြီး တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများမှ ကြိုတင်မဲပေးခြင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးပြီးကြောင်း ထောက်ခံချက်အား ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့၀င်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့၀င်များ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီကရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ညီကိုမောင်နှမများ၊ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား
https://t.me/MyanmarNationalPost
No comments:
Post a Comment