အာဖဂန်မှာ ငလျင်လှုတ်လို့ လူ ၂၀ ကျော်သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဖဂန်မှာ ငလျင်လှုတ်လို့ လူ ၂၀ ကျော်သေဆုံး



နိုဝင်ဘာ - ၄ ( အင်္ဂါနေ့ ) 

အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် မနေ့က မနက်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၀ ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သလို သေဆုံးသူ အရေအတွက် တိုးလာနိုင်စရာရှိတယ်လို့လည်း သတင်းရပါတယ်။ 

အဆိုပါငလျင်က အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ဆာမန်ဂန် ပြည်နယ်ရဲ့ အနောက်-အနောက်တောင်ဘက် ၁၃.၆ မိုင်အကွာတွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၃ ရှိပါတယ်။ မြေအောက် အနက် ၁၇.၃ မိုင်မှာဖြစ်ပေါ်ခဲ့ပြီး  ဘာလက်ခ်နဲ့ ဆာမန်ဂန် ပြည်နယ်များတွင်လူ ၂၀ ကျော်သေဆုံးပြီး ၅၃၄ ဦး  ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ၎င်းရဲ့ အိတ်စ်မီဒီယာမှာ သေဆုံးသူများရဲ့ စာရင်းကို ရေးတင်ခဲ့ပါတယ်။ 

“ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီဒေသမှာ လုပ်ဆောင်နေတုန်းဖြစ်ပြီး ထိခိုက်ခံရတဲ့ အရေအတွက်က ဆက်ပြီး ပြောင်းလဲနေပါတယ်” လို့ ၎င်းက ပြောပါတယ်။ 

ပဏာမ အစီရင်ခံစာများအပေါ် အခြေခံ၍ UNICEF က ဆာမန်ဂန် တွင် လူ ၁၁ ဦး သေဆုံးပြီး ဘာလက်ခ် တွင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ် ။ လူပေါင်း ၉၄၅ ဦး ဒဏ်ရာရခဲ့ပြီး ဘာလက်ခ် တွင် ၆၁၆ ဦး နဲ့ ဆာမန်ဂန် တွင် ၃၂၉ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ လှုပ်ခတ်မှုများ‌ကြောင့် အိမ်နီးချင်းပါကစ္စတန်နိုင်ငံ ကဘူးလ်မြို့အထိ ပြင်းထန်စွာ တုန်ခါမှုကို ခံစားခဲ့ရကြောင်း ကုလသမဂ္ဂကလေးများဖောင်ဒေးရှင်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)