သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါ တော်နေ့ )၌ ရွှေကြာသင်္ကန်း ကပ်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါ တော်နေ့ )၌ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်







ပုဇွန်တောင်၊ နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ပဥ္စမအကြိမ် ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော် နေ့)  နံနက် ၅ နာရီအချိန်က ကျင်းပခဲ့သည်။

သာမညဖလအခါတော်နေ့ နံနက် ၅ နာရီတွင် ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲအခမ်းအနား ကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့်အကျိုး များကို ရှင်းလင်းပြောကြားခဲ့ပြီး အနံ ၅ ကိုက်ခွဲ x အလျား ၆ ကိုက်ခွဲရှိကာ ရွှေကြာသင်္ကန်း ပေါင်း(၈၂)ထည်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် နှင့်ဇနီး၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌဦးတင်နွယ်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပင်မအလှူရှင်များက စေတီတော်အထက်ပစ္စယာ၊ အောက်ပစ္စယာ၊ ပန်းတင်ခုံများရှိ စေတီတော် များ၊ ပရိဝုဏ်အတွင်းရှိ အရံစေတီများ၊ မတ်ရပ်ရုပ်ပွားတော်များ၊  လျောင်းတော်မူ ရုပ်ပွား တော်များ၊ ထိုင်တော်မူရုပ်ပွားတော်များနှင့်မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်များအပြင် သာသနဇောတိကဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်များအား ရွှေကြာသင်္ကန်းများ ကိုယ်တိုင် ဆက်ကပ်ပူဇော်ခဲ့ကြသည်။

ယင်းနောက် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ သီရိ မင်္ဂလာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ ဘဒ္ဒန္တဥာဏိဿရအား နဝကမ္မ ဝတ္ထုငွေများဆက်ကပ်၍ ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချခဲ့ကြသည်။ အဆိုပါ ပဥ္စမအကြိမ် ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး သမိုင်းဝင် ရွေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယခင်က နှစ်စဥ်မသိုးသင်္ကန်းများ ရက်လုပ်ဆက်ကပ် ပူဇော်ခဲ့ပြီး ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ပဥ္စမအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)