တိုက်ဖွန်း ကယ်မယ်ဂျီ ဗီယက်နမ်ကို ဦးတည်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ဖွန်း ကယ်မယ်ဂျီ ဗီယက်နမ်ကို ဦးတည်ဝင်ရောက်


နိုဝင်ဘာ - ၃ ( တနင်္လာနေ့ ) 

လာမယ့် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ ဗီယက်နမ်ကို ဝင်မယ့် တိုက်ဖွန်းကယ်မယ်ဂျီအတွက် ဗီယက်နမ်ဒေသဆိုင်ရာ အာဏါပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လေပြင်ခြင်း ၊ လှိုင်းကြီးခြင်းနဲ့ မိုးကြိုးမုန်တိုင်းများ ကျရောက်လာမှာဖြစ်လို့ ရေကြောင်းသွားလာမှုတွေ အားလုံးကို ရပ်ဆိုင်းထားပါတယ်။ 

ခရီးသွားအချက်အချာကျသော နေရာအချို့တွင် ရေလွှမ်းမိုးမှုများကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က စံချိန်တင် မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၃၇ ဦးအထိ မြင့်တက်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ အပတ်က ၂၄ နာရီအတွင်း မိုးရေချိန် ၁၇၀၀ မီလီမီတာ (၅ ပေခွဲ ) ကျော်ရွာသွန်းခဲ့ပါတယ်။  သမိုင်းဝင်မြို့တော် ဟူး တွင် မြစ်ရေများ လျင်မြန်စွာမြင့်တက်လာနေကြောင်း အမျိုးသားမိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။ ကောင်ထရီ မှ ဒါနန်း အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့နေရာများတွင် ၆၀၀ မီလီမီတာကျော်မယ်လို့ မျှော်မှန်းထားကြောင်း ဗျူရိုက ပြောကြားခဲ့ပါတယ်။ 

ဗီယက်နမ်သည် ယခုနှစ်အတွင်း မုန်တိုင်းကြီး ၁၂ ကြိမ်တိုင်တိုင် တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၄၁ ဦး သေဆုံးကာ စီးပွားရေး ဒေါင်ငွေ ၅၃.၈ ထရီလီယံ (ဒေါ်လာ ၂ ဘီလီယံ) ကျော် ဆုံးရှုံးခဲ့ရပါတယ်။ ၎င်း၏ ကီလိုမီတာ ၃၀၀၀ (၁,၈၆၄ မိုင်)ရှည်တဲ့ ကမ်းရိုးတန်းက မုန်တိုင်းဒဏ်ကို အထူးခံနိုင်ရည်ရှိပါတယ်။ မိုးလေဝသပညာရှင်များရဲ့ အဆိုအရ ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းတွေ ပိုမိုဝင်ရောက်လာကာ ပျက်စီးဆုံးရှုံးမှုများက တိုးမြင့်နေပါတယ်။ 


REF: Vietnam News

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)