ရန်ကုန်၊ နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်၄၂ရပ်ကွက် ဂန္ဓာရုံပါတ်လမ်းတွင်တည်ရှိသော ရန်ကုန်တိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို နိုဝင်ဘာလ၃ရက်နေ့၊ နံနက်ဆယ်နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ကြွရောက်ချီးမြှင့်သည်။
ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လစဉ်ဆွမ်းအလှူရှင်များနှင့် ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ မြို့နယ်မှတာဝန်ရှိသူများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ကြွရောက်တော်မူပြီး၊ ကထိနစီဝရံ-ကထိန်လျာမြတ်သင်္ကန်း လှူဒါန်းရသောအကျိူးတရားကို ရှင်းလင်းဟောပြောတော်မူပြီး သံဃာတော်အပါး၁၂၀အတွက် လှူဒါန်းမှုစုစုပေါင်း ကျပ်သိန်းနှစ်ရာခန့်အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
နိုင်ငံတော်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment