ထိုင်းက ကမ္ဘောဒီယားကို တောင်းပန်ပြီး သံတမန်ရေးရာလမ်းကြောင်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းက ကမ္ဘောဒီယားကို တောင်းပန်ပြီး သံတမန်ရေးရာလမ်းကြောင်းဖွင့်


နိုဝင်ဘာ - ၃ ( တနင်္လာနေ့) 

ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကော က "ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားကို ထိပါးလာခဲ့ပါတယ်" လို့ တောင်းပန်ခဲ့ပြီး အဓိကဖြစ်ရတဲ့ အကြောင်းအရင်းက ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေ ချို့ယွင်းချက်ကြောင့် ဖြစ်ရတာလို့ ဝန်ခံပြီး ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် ကတိပြုခဲ့ပါတယ်။

နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးကိစ္စကိုတော့ အစိုးရက ပြည်သူများနဲ့ ညှိနှိုင်းပြီးမှသာ ဆုံးဖြတ်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ ထိုင်း- ကမ္ဘောဒီးယားနယ်စပ် ကော်မရှင် (JBC) နဲ့  ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) တို့ အပါအဝင် လုံခြုံရေး လုပ်ငန်းတွေကနေ သံတမန်ရေးရာ ဆွေးနွေးမှု ရရှိနိုင်တဲ့အထိ အတိုင်းအတာအားလုံးကို ထိုင်းနိုင်ငံက  အသုံးပြုသွားမယ်လို့ အနုတင် ပြောပါတယ်။ 

“နယ်စပ်ကျုးကျော်မှုတွေနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းပြည်သူအားလုံးကို အလေးအနက် တောင်းပန်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။ “ကျနော့်အမှားအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ပျက်ကွက်ခဲ့လို့ နောင်မှာ အမှားအယွင်းတွေ မဖြစ်အောင် ပိုသတိထားပါမယ်” “စိုးရိမ်ပူပန်မှုတွေနဲ့ နားလည်မှုလွဲမှားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နယ်မြေ၊ အချုပ်အခြာအာဏာ နဲ့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးနိုင်ခြေမရှိဘူးလို့ လူတိုင်းကို အာမခံချင်ပါတယ်”

“နှစ်နိုင်ငံကြား အငြင်းပွားမှုတွေကြားက ထိုင်းနိုင်ငံသားအားလုံးရဲ့ လုံခြုံရေးကို အပြည့်အဝ အကာအကွယ်ပေးသွားမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို နောက်ထပ် ဆုံးရှုံးမှုတွေကို ခွင့်မပြုပါဘူး”လို့ ကိုရီးယားတွင် ကျင်းပသည့် ၃၂ ကြိမ်မြောက် အေပတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ စနေနေ့ညက ပြောကြားခဲ့ပါတယ်။ 


REF: Bangkok post

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)