မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားတက်ရောက်



မော်လမြိုင် ၊  နိုဝင်ဘာ ၂၄


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ကျောင်းကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ သက်​တော် (၇၁)နှစ် ဝါတော် (၅၁)နှစ်​ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ​ကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြွရောက်တော်မူလာသော ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထထံမှ ရေစက်ချအနုမောဒနာတရား ခံယူဆောက်တည်ကာ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)