နာဂဒေသ လဟယ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသ လဟယ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




လဟယ်  ၊ နိုဝင်ဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေငြာရန်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ ရက် နံနက် (၁၀:၀၀) နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဦးစွာ လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးက ဆွေးနွေးရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၁၅)ရက်မှ  (၂၈)ရက်နေ့အထိ ဒုတိယအကြိမ် ကပ်ထားကြေငြာမည်ဖြစ်သည့်အတွက်မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိရေးအလေးထားပြီး ဌာနဆိုင်ရာအကြီးအကဲများက ကြပ်မတ်ဆောင်ရွက်ကြရန် နှင့် ဒုတိယအကြိမ် မဲစာရင်းများ ကြေငြာကပ်ရင်း မိမိတာ၀န်ကျရာအုပ်စု ကျေးရွာများသို့ ကွင်းဆင်းပြီး ဆက်သွယ်ရေးချိတ်ဆက်မှု အဆင်ပြေစေရန် စက်များတစ်ပါတည်းစမ်းသပ်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များက မဲဆန္ဒရှင်စာရင်းမှန်ကန်‌စေရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)