မိတ္ထီလာမြို့ ဘဝသစ်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်သည့် မသန်းစွမ်းသူများကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ဘဝသစ်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်သည့် မသန်းစွမ်းသူများကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) တက်ရောက်ကြည့်ရှုအားပေး




မိတ္ထီလာ  ၊နိုဝင်ဘာ ၂၂


မိတ္ထီလာမြို့နယ်၊ ဓမ္မပါလကျေးရွာ၊ ဘဝသစ်မျက်မမြင်ကျောင်းတွင် 

မနေ့နံနက်က ကျင်းပပြုလုပ်သည့် မသန်းစွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မျက်မမြင်စာနှင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းအောင်ကျော် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ခံ ဦးအောင်ကောင်းမြတ်က မသန်းစွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး မျက်မမြင်စာနှင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြသသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ခိုင်နွယ်က ဆန္ဒမဲပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်များအသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဘဝသစ်မျက်မမြင်ကျောင်းနှင့် ရှေ့ဆောင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်းသို့သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီး တာဝန်ခံ) ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများက မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)