ကျောက်ဆည်မြို့၌ မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများဆက်လက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများဆက်လက်ပေး

 



ကျောက်ဆည် ၊  နိုဝင်ဘာ ၂၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲစာရင်းတွင်ပါရှိပြီး မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်တက်ရောက်နေသည့် ကျေုာင်းသား/ကျောင်းသူများက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆက်လက်ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး ကြိုတင်ဆန္ဒမဲများပေးရာ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကော်လိပ်များမှထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကဒ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူပြီး မိမိတို့ဆန္ဒအလျောက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင်ဆန္ဒမဲပေး၍ သက်ဆိုင်ရာလွှတ်တော်သီးသီးရှိ ကြိုတင်ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


သက်မောင်၊ ကျောက်ဆည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)