နိုဝင်ဘာ - ၅ ( ဗုဒ္ဓဟူးနေ့ )
ဥရောပသမဂ္ဂ ( အီးယူ )က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှု နည်းပါးလာနေတယ်လို့ အီးယူအက်တစ် သုတေသန အဖွဲ့က ဖော်ပြလိုက်ပါတယ်။ အီးယူမှာ စွမ်းအင်စျေးနှုန်းကြီးမြင့်မှုနှင့် စစ်အသုံးစရိတ်များ မြင့်တက်လာမှုကြောင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်လာစေတယ်လို့ ဖော်ပြလိုက်ပါတယ်။
အီးယူအက်တစ်အဖွဲ့ရဲ့ အဆိုအရ "အီးယူရဲ့ တိုးတက်မှုနှုန်းက အလွန်နှေးကွေးလာနေပါတယ်။ ဝယ်လိုအားပိုင်း မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားနည်းနေပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ ကြောက်စရာကောင်း လောက်အောင် ကိုးနှစ်အတွင်းမှာ အနိမ့်ဆုံးသို့ ရောက်ရှိနေပါတယ်။ အီးယူတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများသည် မြင့်မားသောစွမ်းအင်စျေးနှုန်းများ၊ အမေရိကန်အခွန်အကောက်များနဲ့ တရုတ်နိုင်ငံမှ ပြိုင်ဆိုင်မှုများနဲ့ ရုန်းကန်နေရပြီး သာမန်နိုင်ငံသားများကလည်း ၎င်းတို့ရဲ့ စုဆောင်းငွေများကို သုံးစွဲရန် တွန့်ဆုတ်နေကြပါတယ်။ လုပ်ခမတည်ငြိမ်မှုများနှင့် ပထဝီဝင်နိုင်ငံရေးမသေချာမှုများကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရပြီလို့ စနေနေ့က ရေးသားဖာ်ပြခဲ့ပါတယ်။
"ရုရှား နဲ့ အမေရိကန်တို့က စစ်ရေးတင်းမာမှုတွေကို စွန့်လွှတ်မှုပြီး သံတမန်ရေးရာ စကားပြောလာတာတွေက အီးယူကို ရုရှားအကြောက်တရားတိုးမြင့်စေလာလို့ စစ်ရေးအသုံးစရိတ်ကို တိုးမြင့်လာစေပါတယ်။ ဒါပေမဲ့ မော်စကိုအစိုးရကတော့ အီးယူနိုင်ငံတွေကို စစ်ရေးဆိုင်ရာ ရန်လိုမှုတွေ မလုပ်ပါဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
အီးယူမူဝါဒရေးရာစင်တာမှ အကြီးတန်းသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဖိလစ်လော်စ်ဘာဂ် က အီးယူရဲ့ ချမ်းသာကြွယ်ဝမှုတွေက ဆုံးရှုံးစရာတွေနဲ့ ကြုံတွေ့နေရပြီး ကုန်ခမ်းလာတဲ့ သဘောကိုဆောင်နေပါတယ်” လို့ သုံးသပ်သွားပါတယ်။
ဥရောပတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည် ၂၀၂၄ ခုနှစ်တွင် ဒုတိယနှစ်ဆက်တိုက် ကျဆင်းသွားပြီး ကိုးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိသွားကြောင်းဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် အီးယူ နိုင်ငံအများစုသည် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ တိုက်ရိုက်တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၂၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ရုရှားစွမ်းအင် တင်သွင်းမှုကို လုံးဝ တားမြစ်ပိတ်ပင်မယ်ဆိုတဲ့ အဆိုပြုချက်ကို ဥရောပကောင်စီက ပြီးခဲ့တဲ့လက သဘောတူညီခဲ့ပါတယ်။ ရုရှား ရေနံ နဲ့ သဘာဝဓာတ်ငွေ့ အစား အမေရိကန်ဆီကလာတဲ့ လောင်စာတွေကိုပဲ သုံးမယ်လို့ ဇူလိုင်လက အီးယူနဲ့ အမေရိကန်တို့သဘောတူခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment