ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက်မဟာဘုံကထိန်ပွဲတော် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက်မဟာဘုံကထိန်ပွဲတော် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူပွဲကျင်းပ

 


ပျော်ဘွယ်  ၊ နိုဝင်ဘာ ၅


ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှ စတင်ကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ် လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူခြင်းကို နိုဝင်ဘာလ(၄)ရက်နေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဘုံပျံကျောင်းတိုက်ဆရာတော် ဦးဓမ္မထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ ကထိန်အနုမောဒနာတရားနာယူကြသည်။


ထို့နောက် မြို့မိမြို့ဖ၊ ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား)ဦးသောင်းအေးက ကထိန်ပွဲတော်ကျင်းပခဲ့ခြင်းနှင့် သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ပျော်ဘွယ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဆွေလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာစိုးနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကြသည်။


မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် အလှူရှင်များစုပေါင်းလှူဒါန်း သည့် ပစ္စည်းနှင့်ငွေသားတန်ဖိုးစုစုပေါင်းမှာ ငွေကျပ်သိန်း(၁၈၀၀)ကျော်ဖြစ်ကြောင်း၊ လှူဒါန်းရရှိမှုများအား ဘုရားတစ်ပါး၊ ဉာတ်မကြီးကျောင်း(၆)ပါး၊ ပင့်သံဃာတို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ခွဲဝေလှူဒါန်းခဲ့ကြောင်း မြို့နယ်လုံးဆိုင်ရာမဟာဘုံထိန်ပွဲတော် ကျင်းပရေးကော်မတီထံမှသိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)