နိုဝင်ဘာ - ၅ (ဗုဒ္ဓဟူးနေ့ )
မနေ့က လူဝစ်ဆီလ်ဗီး မိုဟာမက်အလီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်လာတဲ့ UPS ကုန်တင်လေယာဉ် တစ်စင်း ပျက်ကျခဲ့တဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့ပါတယ်။ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေဆိပ်ဝန်ထမ်းများမှ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ မက်ဒေါ်နယ်ဒေါက်ကလက် MD-11 လေယာဉ်သည် ပြေးလမ်းပေါ်မှတက်လာစဉ် မီးလောင်ကျွမ်းနေပြီဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ပြေးလမ်းအဆုံးတွင် ကြီးမားသော မီးလုံးကြီးတစ်ခုနှင့် အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားခဲ့ပါတယ်။
အခြားဗီဒီယိုဖိုင်တစ်ခုမှာကတော့ လေဆိပ်အနီးရှိ အဆောက်အအုံအများအပြားကို တိုက်ခတ်ပြီး ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။ အဲ့ဒိဗီဒီယိုဖိုင်ကတော့ ဘေးလူတွေ ရိုက်ကူးထားတဲ့ ဖိုင်ဖြစ်ပါတယ်။
ပြည်ထောင်စုလေကြောင်းအာဏါပိုင် (FAA) မှ UPS လေယာဉ်ခရီးစဉ် ၂၉၇၆ သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် လူဝစ်ဆီးဗီးလ်မြို့ မှ ဟိုနိုလူလူ သို့ ထွက်ခွာရန်ဖြစ်ပါတယ်။ အာဏာပိုင်များကတော့ “ပျက်ကျတဲ့နေရာမှာ မီးလောင်မှု နဲ့ အပျက်အစီးများ ရှိနေတဲ့ အတွက်ကြောင့်” ရှောင်ရှားကြရန် ပြည်သူများအား တိုက်တွန်းထားပါတယ်။
အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) သည် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်များမှာပါတဲ့ အကြောင်းအရာများကို အတည်မပြုနိုင်သေးပါဘူးလို့ ဆိုပါတယ်။ စုံစမ်းရေး အဖွဲ့ နှစ်ခုစလုံးက လေယာဉ်ပျက်ကျမှု နဲ့ ပတ်သက်တဲ့ အချက်အလက်များသည် ပဏာမအဆင့်သာရှိသေးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment