နတ်မောက်မြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ



နတ်မောက်  ၊  နိုဝင်ဘာ ၅


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား၊ ကျောင်းသူများစာပေ လေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သား ကောင်းများဖြစ်ပေါ်စေရန် ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲ၏ စည်းကမ်းများအားရှင်းလင်းပြော ကြားခဲ့ သည်။ ထို့နောက်ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့ရာအထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများမှ “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တစ်မျိုးသားလုံးညီညွတ်စို့” ခေါင်းစဥ်ဖြင့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၇)ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာ ၁၄ ရက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)