ညောင်ဦး ၊ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ACACIA Hotel Bagan ၌ ၁၉၇၁-၁၉၈၈ စံပြကြက်ခြေနီကြီးများ မြရတု အထိမ်းအမှတ်တွေ့ဆုံပွဲ အခမ်းအနားကို ACACIA ( အေကေးရှား) ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ၁၉၇၁-၁၉၈၈ စံပြကြက်ခြေနီများ မြရတုသီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး ကွယ်လွန်ခဲ့ကြသည့် စံပြကြက်ခြေနီကြီးများအား ဝမ်းနည်းအထိမ်းအမှတ် (၂) မိနစ် ငြိမ်သက်ခဲ့ကြသည်။ ထို့နောက် ၁၉၇၁-၁၉၈၈ စံပြကြက်ခြေနီများ မြရတုအထိမ်းအမှတ် တွေ့ဆုံပွဲတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားပြီး၊ ၁၉၇၁-၁၉၈၈ စံပြကြက်ခြေနီများ မြရတုအထိမ်းအမှတ် တွေ့ဆုံပွဲဖြစ်မြောက်ရေးဦးစီးနာယက ၁၉၈၀-၁၉၈၃ စံပြ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ မြရတု တွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ၁၉၈၇ ခုနှစ် စံပြ၊ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးမျိုးမြင့်ထွန်းတို့က မြရတုစံပြကြက်ခြေနီများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တွေ့ဆုံရခြင်းတို့အား ဝမ်းမြောက်ကြောင်း တွေ့ဆုံပွဲအထိမ်းအမှတ် စကားပြောကြားကြကာ တွေ့ဆုံပွဲအထိမ်းအမှတ် အောင်မြင်စွာကျင်းပနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြရတုအထိမ်းအမှတ် စံပြကြက်ခြေနီများတွေ့ဆုံပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး အောင်ကိုဦး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စံပြကြက်ခြေနီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment