ရန်ကုန် ၊ဒီဇင်ဘာ ၇
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ဒီဇင်ဘာ ၅ ရက်နေ့နံနက် ၇ နာရီ ၂၅ မိနစ်၌ လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချောင်ဘူရီမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါမြန်မာအားကစားအဖွဲ့တွင် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၄) ဦး၊ အမျိုးသား အားကစားသမား (၈) ဦး၊ အမျိုးသမီးအားကစားသမား (၉) ဦး၊ ဂျူဂျစ်စု အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၄) ဦး၊ အမျိုးသား အားကစားသမား (၅) ဦး၊ အမျိုးသမီး အားကစားသမား (၁) ဦး၊ ဖူဆယ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၉) ဦး၊ အမျိုးသမီးအားကစားသမား (၁၄) ဦး စုစုပေါင်း (၅၄) ဦးတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့လည်းကောင်း၊ ရွက်လှေအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၂) ဦး၊ အမျိုးသားအားကစားသမား (၃) ဦး၊ အမျိုးသမီးအားကစားသမား (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့သည် ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့သို့လည်းကောင်း အသီးသီး လိုက်ပါသွားကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment