နတ်တလင်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" Billboard များ စိုက်ထူ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်တလင်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" Billboard များ စိုက်ထူ



နတ်တလင်း  ၊ ဒီဇင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းကို ယ‌နေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး ရွှေလင်းခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Billboard စိုက်ထူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့​​က မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” Billboard အား စိုက်ထူပေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)