မင်းဘူး ၊ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက မင်းဘူး (စကု) မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၇၄ အုပ်စု ရှိသည့်အနက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၇ အုပ်စုတွင် ဖွင့်လှစ်မည့် မဲရုံပေါင်း ၁၁၁ ရုံတွင် မဲဆန္ဒရှင်ပြည်သူပေါင်း ၁၁၇၉၂၆ ဦးခန့်ရှိကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့် မဲပေးစက်အသုံးပြုရာတွင် လိုအပ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သိရှိပြီး မဲဆန္ဒရှင်ပြည်သူများ ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချောစုရည်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းကို ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူဦးရေ ၁၃၀ ဦးခန့်ရှိကြောင်း မင်းဘူးမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment