ပင်းတယမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်




‌‎ပင်းတယ ၊ဒီဇင်ဘာ ၇


‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ယနေနံနက် ၉ နာရီက ပင်းတယမြို့နယ်အတွင်းရှိ   ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများတွင် တာဝန်ယူလုပ်ကိုင်ကြရမည့်သူများကို ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

‎အဆိုပါ လမ်းညွှန်သင်တန်းအား မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းတွင်  ပင်းတယမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရပ်ကျေး/ကျေးရွာစာရေးများ တက်ရောက်သင်ကြားကာ ၎င်းရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်စာအုပ်တွင် အကြောင်းအရာ ၃၂ ခု ရေးသားဖော်ပြပါရှိကြောင်း သိရပြီး သင်တန်းသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


‌‎အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)