ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့၌ အခမဲ့ဆေးကုသသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့၌ အခမဲ့ဆေးကုသသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး




အိမ်မဲ ၊ဒီဇင်ဘာ ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခုတင် (၅၀) ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်မှု ၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှု၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ပံ့ပိုးမှုဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသသည့် လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက် နံနက် ၈ နာရီက စတင်ကာကုသပေးလျက်ရှိသည်။


ထိုကဲ့သို့ကုသပေးလျက်ရှိရာ မွန်းလွဲ (၁) နာရီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် အဆိုပါ ကွင်းဆင်းဆေးကုသမှု ပေးနေသည့် အခြေအနေများကို ကြည့်ရူ့ကာ လာရောက်ပြသသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ကွင်းဆင်းဆေးကုသည့် အထူးကုဆရာဝန်များအတွက် အမှတ်တရသစ်သီးခြင်းများ လက်ဆောင် ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်တစ်ဦးမှ လက်ခံရယူခဲ့သည်။


အဆိုပါအခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဆေးရုံအုပ်ကြီး ဦးဆောင်၍ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ နား/နှာခေါင်း/လည်းချောင်းအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်၊ လုပ်ငန်းအရာရှိ(အကြောအဆစ်)နှင့် ကျောင်းကုန်းပြည်သူ့ဆေးရုံမှ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် အိမ်မဲမြို့ ပြည်သူ့ဆေးရုံ အထူးကုဆရာဝန်(ဆေးပညာ) တို့ပါဝင်ပြီး လူနာစုစုပေါင်း (၈၀၀) ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်းနှင့် ရောဂါရှာဖွေစစ်ဆေးခြင်းအနေဖြင့် ဓာတ်မှန်ရိုက်ကူးသူ (၁၇) ဦး အာထရာဆောင်းရိုက်သူ (၃၆) ဦး၊ သွေးဖောက်စစ်ဆေးသူ (၁၁၂) ဦး၊ ECGစမ်းသပ်သူ (၃၈) ဦးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)